ကွန်ပျူတာသင်တန်းဆရာ တဦး ဖြစ်သူ စောထူးဇင်မောင်သည် လွန်ခဲ့သည့် ဇန်န၀ါရီလ ၈ ရက် ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO)က ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်သူ ဆရာစောထူးဇင်မောင်အား OKRSO ရုံးတွင် အောက်မေ့ဘွယ်အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ ကျင်းပပွဲတွင် တက်ရောက်လာသော ဆရာ၏ တပည့်များနှင့်OKRSO အဖွဲ့ဝင်အဖွဲ့သားများ လွမ်းသူပန်ပွင့်နှင့် ဂါရ၀ပြုခဲ့ပါသည်။
OKRSO အဖွဲ့ကြီးက ဆရာစောထူးဇင်မောင်၏ ကွန်ပျူတာသင်တန်း လှုပ်ရှားသင်ကြားပေးမှု ဂုဏ်ပြုစာတမ်း ဖတ်ကြားပေးပြီး၊ ဆရာစောထူးဇင်မောင်၏ အတ္ထုပ္ပတ္တိကို စောဖိုးခွါးက အကျဉ်းချုပ်ဖတ်ကြားခဲ့သည်။ ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာထုံးစံအရ ဆရာစောထူးဇင်မောင် သွားလေရာဘုံဘ၀မှာ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးခဲ့ပါသည်။
ဆရာစောထူးဇင်မောင်၏ အောက်မေ့ဘွယ်ရာ စာတမ်းအကျဉ်း
၅ ရက် ဖေဖေါ်ဝါရီ ၂၀၁၂ ခုနှစ်
ကွန်ပျူတာဆရာ စောထူးဇင်မောင်သည် ၂၀၀၇ ခုနှစ်ကာလတွင် ဆရာစရှိုင်းအဆက်အသွယ်နှင့် OKRSO ရုံးသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်က OKRSO ရုံးတွင် ကွန်ပျူတာ သင်တန်းဖွင့်လှစ်လျက်ရှိပြီး ၂၀၀၇ခုနှစ် အချိန်ပြည့် ကွန်ပျူတာ(၂)လသင်တန်း နောက်ဆုံးအသုတ် သင်တန်းဆရာအဖြစ် လာရောက်ကူညီ သင်ကြားပေးခဲ့သူဖြစ်ပါသည်။
ဆရာစောထူးဇင်မောင်သည် photoshop နှင့် ဒီဇိုင်းပညာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး စိတ် သဘောထားဖြူစင်ကာ စေတနာအလွန်ကောင်းသူလည်းဖြစ်ပါသည်။ ကျောင်းသူကျောင်း သားများကို ကွန်ပျူတာသင်ကြားပို့ချရာတွင်လည်း သူ၏စိတ်ရှည်မှု၊ နားလည်ခွင့်လွတ်မှုနှင့် ဖေါ်ရွေမှုများကြောင့် ကျောင်းသူကျောင်းသားများက သူ့အား အလွန်ချစ် ခင်လေးစားကြပါသည်။
ဆရာစောထူးဇင်မောင်သည် အချိန်ကို လေးစားသူဖြစ်သည်။ သူသည် ကျောင်းတဖက် အလုပ် တဖက်နှင့် အချိန်နည်းလှသည့်ကြားမှ ကျောင်းသူကျောင်းသားများကို စိတ်အားထက် သန်စွာဖြင့် စေတနာအပြည့်အ၀ မပျက်မကွက် လာရောက်သင်ကြားပေးခဲ့ပါသည်။ သူကြောင့် OKRSO တွင် ပညာလာရောက်သင်ကြားကြသောကျောင်းသူကျောင်းသားများစွာကွန်ပျုတာပညာတတ်မြောက်ခဲ့ ပါသည်။
ဆရာစောထူးဇင်မောင်သည် ၂၀၀၇ ခုနှစ်ကုန်ခါနီးကစပြီး ၂၀၁၁ ခုနှစ်ကုန်ပိုင်းအထိ ၎င်းတတ်ကျွမ်း သည့် ကွန်ပျူတာပညာရပ်များကို OKRSO တွင် အချိန်ပြည့် သင်ကြားပို့ချခဲ့ပါသည်။ ဆရာ၏ သင်ကြားပို့ချပေး ခဲ့သော တပည့်များသည် ဆရာကို ကျေးဇူးဆပ်သောအနေဖြင့် မိမိတို့၏ တတ် ကျွမ်းသည့် ပညာရပ်များတဆင့် ပြန်လည်သင်ကြားပေးလျက်ရှိနေပြီး OKRSO အဖွဲ့အစည်းနှင့် အခြားသော တိုင်းရင်းသားများလူငယ်များ ကွန်ပျူတာပညာနှင့်ပတ်သက်၍ တတ်မြောက်လာသည့် အကျိုးရလဒ် များသည် ဆရာစောထူးဇင်မောင်၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။
ဒီနေ့ ဒီအချိန်တွင် ကျွန်တော်တို့ လေးစားအပ်သောကွန်ပျူတာဆရာ စောထူးဇင်မောင်အား ဂုဏ်ပြု သောအနေဖြင့် အောက်မေ့ဘွယ်အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ OKRSO အဖွဲ့သူ အဖွဲ့သား များနှင့်တပည့်များအားလုံး ဆရာ့အတွက်မိသားစုနှင့်တကွ အလွန်ဝမ်းနည်းမိပြီး အလွန်နှမြှော တသမိပါသည်။ ဆရာစော ထူးဇင်မောင် ကောင်းရာ သုဂတိလားပြီး ခရစ်တော်၌ ငြိမ်းချမ်း စွာအိပ်ပျော်ပါစေသား…..
ဖါးစည်သံ
วันจันทร์ที่ 6 กุมภาพันธ์ พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น